UPDATE Loading latest mathematical resources...

Naing Wai Yan Tun's Maths

အတွေးအတွက် မျှတစေရမယ် ကျနလှပစေရမယ်

... Total Visitors

Naing Wai Yan Tun's Maths

Mathematics For All

Start Learning

Axis of Symmetry နှင့် ဖြတ်မှတ်နှစ်မှတ် ပေးထားသော Parabola ပုစ္ဆာများ

Axis of symmetry နှင့် Parabola ပုစ္ဆာ

၁။ Axis of symmetry ကို ကြည့်၍ ညီမျှခြင်းကို $y^2$ သို့မဟုတ် $x^2$ ဟု ခွဲခြားနိုင်ပါသည်။

$y = k$ ဖြစ်လျှင်

$(y - k)² = \pm4p (x - h)$ ဖြစ်မည်။

$x= h$ ဖြစ်လျှင်

$(x - h)² = \pm4p (y - k)$ ဖြစ်မည်။

၂။ ညီမျှခြင်း မှ $\pm$ ကို ဆုံးဖြတ်ရန်အတွက် ပေးရင်း အမှတ် နှစ်မှတ်ကို အသုံးပြုပါမည်။

ဝင်ရိုး (Axis of Symmetry) မှ ဝေးရာသို့ ရွေ့လျားလေလေ၊ Parabola သည် ၎င်း၏ ဖွင့်သည့်ဘက်သို့ ပို၍ ရွေ့လျားသွားလေလေ ဖြစ်သည်။

$(y - k)² = \pm4p (x - h)$ အတွက်

ဝင်ရိုး Axis of symmetry မှ အဝေးဆုံးအမှတ် တွင် $x$ တန်ဖိုး ပိုငယ်နေလျှင် Parabola opens to the left ,

Equation: $(y - k)² = -4p (x - h)$.

ဝင်ရိုး Axis of symmetry မှ အဝေးဆုံးအမှတ် တွင် $x$ တန်ဖိုး ပိုကြီးနေလျှင် Parabola opens to the right ,

Equation: $(y - k)² = 4p (x - h)$.

$(x - h)² = \pm 4p (y - k)$ အတွက်

ဝင်ရိုး Axis of symmetry မှ အဝေးဆုံးအမှတ် တွင် $y$ တန်ဖိုး ပိုငယ်နေလျှင် Parabola opens down ,

Equation: $(x - h)² = -4p (y - k)$.

ဝင်ရိုး Axis of symmetry မှ အဝေးဆုံးအမှတ် တွင် $y$ တန်ဖိုး ပိုကြီးနေလျှင် Parabola opens up ,

Equation: $(x - h)² = 4p (y - k)$.


Examples

Find an equation of the parabola satisfying the given conditions.

(1) Axis : $y = 0$ passes through $(3, 2)$ and $(2, -3)$

Thinking

-3 သည် Axis of Symmetry: $y = 0$ မှ အဝေးဆုံးအမှတ်ဖြစ်ပြီး $x$ တန်ဖိုးမှာ ငယ်သည်။ ထို့ကြောင့် Parabola opens to the left ဖြစ်သည်။

Equation: $(y - k)² = -4p (x - h)$ ကို အသုံးပြုရမည်။

(2) Axis : $x = 0$ passes through $(2, -1)$ and $(-4, 5)$

Thinking

-4 သည် Axis of Symmetry: $x = 0$ မှ အဝေးဆုံးအမှတ်ဖြစ်ပြီး $y$ တန်ဖိုးမှာ ကြီးသည်။ ထို့ကြောင့် Parabola opens up ဖြစ်သည်။

Equation: $(x - h)² = 4p (y - k)$. ကို အသုံးပြုရမည်။

(3) Axis : $y = 1$ passes through $(-4, -2)$ and $(-3, -4)$

Thinking

-4 သည် Axis of Symmetry: $y = 1$ မှ အဝေးဆုံးအမှတ်ဖြစ်ပြီး $x$ တန်ဖိုးမှာ ကြီးသည်။ ထို့ကြောင့် Parabola opens to the right ဖြစ်သည်။

Equation: $(y - k)² = 4p (x - h)$ ကို အသုံးပြုရမည်။